Main menu

၂၀၂၄ခုနှစ် ဇူလိုင်လ ဒုတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှု့အခြေအနေ

Powered by Drupal

    ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုအပတ်ပြောင်းသီးနှံမှာ ယခင်အပတ်တိုင်း ဈေးနှုန်းထူးခြားစွာပြောင်းလဲမှုမရှိဘဲအမြင့်ဈေး ၁၃၀၀ကျပ်ဖြင့် ဈေးရှိနေပြီး ပြည်တွင်း ဈေးကွက်သာရှိသဖြင့် ပုံမှန်သာစီးဆင်းနေပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၈၀၀၀ကျပ်၊ ထူး၂-၉၀၀၀ကျပ်၊ ထူး၃-၉၅၀၀ကျပ်၊ထူး၄-၁၀၀၀၀ကျပ်၊ ထူး ၅-၁၀၅၀၀ကျပ်၊ ထူးလွန် -၁၁၅၀၀ ကျပ်နှင့် ဥတစ်လုံးအကြီးဆိုဒ် ၁၅၀၀၀ကျပ်ဈေးရှိကြပြီး တရုတ်ကြူကုတ်ကြက်သွန်ဖြူများ ဝင်ရောက်နေသဖြင့် ရှမ်းကြက်သွန်ဖြူဈေးမှာ ယခင်အပတ်တိုင်းပုံမှန်ဖြစ်နေပြီး  ဈေးကွက်အတွင်းဝင်ရောက်မှု နည်းလာသဖြင့် စီးဆင်းမှုမှာ နည်းပါးလာပါသည်။ နောက်လများတွင် ရှမ်းကြက်သွန်ဖြူဈေးနှန်း များမြင့်တက်လာနိုင်ကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

    အာလူးသီးနှံမှာ မျက်နီS2-၄၀၀၀ကျပ်၊ S1-၃၇၀၀ကျပ်၊ OK-၃၃၀၀ကျပ်၊ ဆွဲသီး-၂၈၀၀ကျပ်၊ ဂေါ်လီဆိုဒ်မှာ ၁၅၀၀ကျပ်ဈေးရှိနေပြီး မားကီးနှင့်နယ်သာလန်မျိုးတို့တွင် S2-၄၅၀၀ကျပ်၊ S1- ၄၀၀၀ကျပ်ဖြစ်၍ မိုးအာလူးစိုက်ပျိုးချိန်ဖြစ်ပြီး ရေအာလူးလက်ကျန်ကုန်ချိန်ဖြစ်ကာ တရုတ်အာလူးများဝင်ရောက်မှုမရှိသဖြင့် ဈေးနှုန်းမြင့်တက်လာကာ စီးဆင်းမှုလျော့နည်းခဲ့ကြောင်းသိရှိရပါသည်။

   ချင်းသီးနှံမှာ ချင်းအခက်တစ်ပိဿာ ၅၈၀၀ကျပ်နှင့် အခက်အလတ်စမှာတစ်ပိဿာလျှင် ၄၀၀၀ကျပ်ဈေးပေါက်နေပြီး ချင်းဥမမှာတစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ပြည်တွင်းဈေးကွက်သာရှိပြီး ဈေးနှုန်းတည်ငြိမ်လျက် စီးဆင်းမှုမှာအနည်းငယ်သာလျော့နည်းခဲ့ကြောင်းသိရှိရပါသည်။

   ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ၂၀၀၀-၃၀၀၀ကျပ်၊ ပန်းမုံလာ ၈၀၀-၁၀၀၀ကျပ်၊ ခရမ်းချဉ်ဂွတ် ရှယ်သီး ၃၀၀၀ကျပ်နှင့် အသေးဆုံးသီး ၂၃၀၀ကျပ်၊ ဘိုစားပဲ ၁၃၀၀ကျပ်၊ ဥနီ ၄၅၀၀-၄၇၀၀ကျပ်၊ဖရုံသီး ၁၀၀၀ကျပ်၊ ရွှေပဲ ၃၅၀၀-၄၀၀၀ကျပ်၊ ငြုပ်ပွ ၁၀၀၀-၁၅၀၀ကျပ်၊ ခရမ်းသီး ၁၅၀၀ကျပ်၊ မုန် ညှင်း ၈၀၀-၁၀၀၀ကျပ်အသီးသီးဈေးပေါက်နေကြပြီး ဂေါ်ဖီသီးနှံနှင့် ငြုပ်ပွသီးနှံမှာ ဈေးနှုန်းကျဆင်းသွားပြီး ဈေးကွက်လိုအပ်ချက်အရ ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းကျဆင်းသွားပြီး စီးဆင်းမှု့မှာပိုလာကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(ရှမ်း)