![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/252_2.jpg?itok=QiOP_D6r)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့ ကိုးပင်အုပ်စု၊ ဇော်ဂျီရပ်ဓမ္မာရုံတွင် စားသုံးသူပြည်သူများထံသို့ (၁၅.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဧည့်မထဆန်(၁)ပြည်လျှင် ကျပ် (၃၀၀၀) ဈေးနှုန်းဖြင့် ပြည်သူ(၃၆၀)ဦးအား စုစုပေါင်းဆန်အိတ် (၁၅)အိတ်အား မြို့ပေါ်ရှိဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ ရောင်းချပေးခဲ့ပါသည်။
အဆိုပါရောင်းချပေးနေမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ မိမိတို့၏စားသုံးသူရေးရာဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ ယခုကဲ့သို့ မြို့ပေါ်ရှိ ရပ်ကွက်များတွင် အပတ်စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုအကြိမ်သည် သရက်မြို့ပေါ်တွင် ပဉ္စမအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(မကွေး)