Main menu

သရက်မြို့နယ်တွင် ကျောင်းကျန်းမာရေးဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကျောင်းမုန့်ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဒုတိယခရိုင်ဦးစီးမှူးတာဝန် ထမ်းဆောင်နေသော ဦးအုန်းမြင့်(ဦးစီးမှူး)သည် (၁၂.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့ဖြင့် သရက်မြို့နယ်ရှိ ကျောင်းများသို့ တတိယအကြိမ်စစ်ဆေးခြင်းများအား ဆောင်ရွက်လျက်ရှိရာ မီးသွေးဖုတ်ကျေးရွာ (အ.မ.က)ကျောင်း၊ ကံသာစုကျေးရွာ မြင်ဘာခြံ (အ.မ.က)ကျောင်း၊ သီရိမင်္ဂလာ (အ.မ.က)ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)ကျောင်းများသို့ ကျောင်းကျန်းမာရေးဆိုင်ရာများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းရေးနှင့် သက်ဆိုင်သည့်အချက်(၈)ချက်အား စစ်ဆေးခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အဖွဲ့ဝင်များမှ အချက်(၈)ချက်တွင်ပါဝင်သော ကျောင်းအဆောက်အအုံတစ်ခုလုံးကို သန့်ရှင်းရေးပြုလုပ်ထားခြင်း၊ စာသင်ခန်းအတွင်းရှိ ကျောင်းသုံးပရိဘောဂများ စနစ်တကျထားရှိခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အလင်းရောင်နှင့် လေလုံလောက်စွာရရှိခြင်း၊ သန့်ရှင်းလုံလောက်သော သောက်သုံးရေရရှိအောင်စီစဉ်ထားခြင်း၊ ကျောင်းစားသောက်ဆိုင်တွင် ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များသာ ရောင်းချစေခြင်း၊ အမှိုက်သရိုက်များကိုစုစည်း၍ အဖုံးပါသောအမှိုက်ပုံးတွင်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းဆည်းခြင်းများ၊ ခြုံ၊ ရေအိုင်၊ အမှိုက်၊ ပေါင်းမြက်များကင်းရှင်းစေခြင်း၊ ရေလောင်းအိမ်သာ(သို့မဟုတ်) ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံအိမ်သာကိုသုံးစွဲခြင်း၊ ခြင်၊ယင်ပေါက်ဖွားနိုင်မှုမရှိစေရေးတို့ စစ်ဆေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပြီး၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ပေးအပ်ခြင်းနှင့် ဦးစီးမှူး ဦးအုန်းမြင့်မှ ကျောင်းရှိမုန့်ဈေးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်မုန့်များနှင့် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ပါဝင်သောမုန့်များကိုသာ ကြည့်ရှုဝယ်ယူရောင်းချစေရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)