Main menu

သရက်မြို့ပေါ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံနှင့် ဒုတိယခရိုင်ဦးစီးမှူးတာဝန်ထမ်းဆောင်နေသော ဦးအုန်းမြင့် (ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၄-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် သရက်ခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းနှင့်အတူ သရက်မြို့ပေါ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ဟောပြောဆောင်ရွက်ရာတွင် သရက်ခရိုင် FDAမှ ၎င်းတို့၏ ညွှန်ကြားချက်များ၊ အစားအသောက်များတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသေးစိတ်ဟောပြောဆွေးနွေးခြင်း၊ ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့်မှ စားသုံးသူကာကွယ်ရေးဥပဒေဖြစ်ပေါ်လာပုံ၊ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်၊ စားသုံးသူ၏တာဝန်(၄)ချက်တို့အား အသေးစိတ်ဟောပြောဆွေးနွေးခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းမှ ဥပဒေပါ ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်ရမည့်အချက်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ(၈)ခုအနက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center CICC) မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနရှိ CICC သို့ လူကိုယ်တိုင်(သို့)စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်းနှင့် စားသုံးသူရေးရာဦးစီး ဌာန၏  Consumer Call Center No.1535 သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမ (၁၆)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၆၀)ဦးတို့အား ဌာန၏လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA)မကွေး