![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/259_0.jpg?itok=cEJbBVcj)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှထွက်ရှိ၍ နေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် မန်ကျည်းသီးမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီးအစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ မန်ကျည်းသီးအစေ့မပါတစ်ပိဿာလျှင် ကျပ်(၆၀၀၀)ရှိကြောင်းသိရှိရပြီး ယခင်ဇွန်လ(ဒုတိယပတ်)တွင်လည်း မန်ကျည်းသီးမှည့်အစေ့မပါဈေးနှုန်းမှာ ကျပ်(၆၀၀၀)ဖြစ်၍ ယခုဇူလိုင်လ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်လျှင် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အစေ့ပါနှင့် အစေ့လွတ်မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင်နှင့် လှောင်လက်သမားများကဝယ်ယူထားရှိပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များက မန်ကျည်းသီးအချဉ်ရည်များပြုလုပ်ရန်အတွက်ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည်လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီလုပ်ငန်းရှင်များကလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းတင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)