စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့၊ နေ့လယ် ၁၃း၃၀ နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော မြနှင်းဆီနှင့် မေတ္တာရှင်ဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာသိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ မြနှင်းဆီနှင့် မေတ္တာရှင်ဆန်ဆိုင်များသည် ဆန်ကို ရွှေဘိုမြို့မှ အများဆုံးဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့သွားရောက်ဝယ်ယူ၍လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ရောင်းလိုအားရှိသလောက် ဝယ်ယူကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)