Main menu

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအကြောင်း သင်တန်းပို့ချ

Powered by Drupal

      ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်သည် ဇူလိုင်လ(၄)ရက်နေ့က နိုင်ငံ‌တော်၏ စီးပွားရေးမူဝါဒများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို  နောက်ဆုံးနှစ် သင်တန်းသား/သူ ၃၃၂ဦးအား သင်တန်းပို့ချခဲ့ပါ သည်။

    သင်တန်း၌ နိုင်ငံတော်၏ စီးပွားရေးမူဝါဒမျှော်မှန်းချက်သည် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်တိုးတက်မှုရရှိစေရန်ရည်ရွယ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူရရှိစေရန်ဦးတည်၍ သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင်ချမှတ်ရန် မျှော်မှန်းထားကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်မှာ “ ဖွံ့ဖြိုးကုန်သွယ်၊ နိုင်ငံကြွယ်”၊ မျှော်မှန်းချက်မှာ “ အကျိုးပေါင်းစုကုန်သွယ်မှုဖြင့် တိုင်းကျိုးပြုအံ့” ဖြစ်ကြောင်း၊ ရည်မှန်းချက်တာဝန်(၇)ချက်၊ ကုန်သွယ်ရေးမူဝါဒ(၆)ရပ်၊ ကုန်သွယ်ရေးအခြေခံမူ(၃)ရပ်၊ ဝန်ကြီးဌာန၏လုပ်ငန်းစဉ်(၁၅)ရပ်တို့ကိုရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးဌာနကို ဝန်ကြီးရုံးနှင့် ဌာနကြီးလေးခုဖြစ်သော ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မူပိုင်ခွင့်ဦးစီးဌာနတို့ဖြင့်ဖွဲ့စည်းထားကြောင်း၊ ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်နေမှုများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)