Main menu

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းအနည်းငယ်မြင့်တက်

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲခြားစိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် ၎င်းကို အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

     မုံရွာမြို့နယ်၌ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဇွန်လ(စတုတ္ထပတ်)တွင် ငွေကျပ် (၁၅၀၀-၂၅၀၀) ဖြင့်လည်းကောင်း၊ ဇူလိုင်လ(ပထမပတ်)တွင် ငွေကျပ် (၁၅၀၀-၂၀၀၀) ဖြင့်လည်းကောင်း၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ငွေကျပ် (၂၀၀၀-၃၀၀၀) ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ မိုးရာသီတွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြစ်ရေဝင်ရောက်မှုကြောင့် ကွမ်းခြံများခူးဆွတ်နိုင်ခြင်းမရှိ၍ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းကာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)