Main menu

ပေါ်ဦးပေါ်ဖျားဖြစ်သည့် မန်ကျည်းသီးစိမ်းနှင့် ကြောင်လျှာသီးဈေးနှုန်းအခြေအနေ

Powered by Drupal

      ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် ရာသီပေါ်သီးနှံများဖြစ်သည့် သစ်သီးဝလံများရောင်းချလျက်ရှိရာ ဇူလိုင်လမှစ၍ ရာသီစာသီးနှံဖြစ်သည့် မန်ကျည်းသီးစိမ်းနှင့် ကြောင်လျှာသီးများကို စတင်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မန်ကျည်းသီးအစိမ်းများမှာ  ပေါ်ခါစဖြစ်၍ အတောင့်များမှာ သေးငယ်ပြီး ဈေးကောင်းရရှိရန် ခူးယူပြီးရောင်းချကြသဖြင့် ချက်ပြုတ်ရာတွင် အနည်းငယ်ချွဲကျိတတ်ပါသည်။ ပေါ်ခါစတွင် ရောင်းချသောဈေးနှုန်းများအနေဖြင့် မန်ကျည်းသီးစိမ်း နို့ဆီဘူး(၁)ဘူးလျှင် ၁၅၀၀ကျပ်ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ရာ မန်ကျည်းသီးစိမ်းထွက်ပေါ်မှုများလာသော ဇူလိုင်လ ဒုတိယပတ်တွင် နို့ဆီဘူး (၁)ဘူးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြောင်လျှာသီးမှာလည်း အရွယ်အစားပေါ်မူတည်၍ (၁)တောင့်လျှင် (၁၅၀၀)ကျပ်၊ (၁၃၀၀)ကျပ်၊ (၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ မန်ကျည်းသီးစိမ်းနှင့် ကြောင်လျှာသီးများကို ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)