စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည် (၁၀) မျိုးအနက် ထိခိုက်လွယ်သည့် စားသုံးသူဖြစ်သော ကလေးငယ်များသုံးစွဲသည့် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/မရှိ၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်(ဂမုန်းပွင့်) တွင် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော Ko DO Mo (သွားတိုက်ဆေး)၊ Baby Moon (Diber)၊ Baby Mild (Baby Cream)၊ Dnee (ကလေးပေါင်ဒါ)၊ Mammy Poko(Diber)၊ Baby Mild (ပေါင်ဒါ)၊ Baby Mild (Shampoo)၊ 2080 (သွားတိုက်ဆေး)၊ Dancing Baby (Diber) များနှင့် လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးတွင် Sweety Pink(Baby Cream)၊ Baby Moon (Diber)၊ Baby Mild (Baby Cream)၊ Mammy Poko(Diber)၊ Lovely Baby (Diber)၊ Baby Mild (ပေါင်ဒါ)၊ Baby Mild (Shampoo) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)