တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၇) ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မုန့်လုပ်ငန်းလုပ်ကိုင်နေသော Li Li မုန့်ဆိုင်သို့သွားရောက်၍ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များကို ဦးစားပေးထုတ်လုပ်နိုင်ရေးနှင့် သန့်ရှင်းလတ်ဆတ်သောထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ သက်တမ်းလွန်ထုတ်ကုန်ပစ္စည်းများမရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်နိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)