စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ၁၆-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ်(၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ခဲ့သည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များ၌ရောင်းချနေသော မုန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များဖော်ပြထားကြောင်းသိရှိရပါသည်။
DOCA(မွန်)