မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ဒေသထွက်ကုန်ဖြစ်သော ပဲစဉ်းငုံနီမှာ ကုန်စည်ဒိုင်သာမကမြို့ပေါ်ရှိပွဲရုံများ တွင်လည်းနေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူ ကုန်သည်များထံမှ သိရှိရပါသည်။ ပခုက္ကူမြို့နယ်တွင် ပဲစဉ်းငုံနီ စိုက်ဧက(၃၁၁၇)ကျော်ရှိပြီး အဓိကစိုက်ပျိုးသောနေရာများမှာ ကံတော်၊ ကဲလှ၊ ကံရပ်၊ ချောက်ကန်အုပ်စုရွာများ၊ ကိုင်းအုပ်စု ကျေးရွာ များနှင့် မြိုင်မြို့နယ်ရှိရွာများ ဖြစ်သော ကျောက်ဆောက်၊ လက်ပဲအိုက်၊ မြို့သာရွာများမှ သီးညှပ်အဖြစ် အခြားသီးနှံများနှင့်ရော၍ စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့သည် စီးပွားရေးအချက်အချာကြသော မြို့တစ်မြို့ဖြစ်၍ ဈေးကွက်သို့ သီးနှံမျိုးစုံဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲစဉ်းငုံနီ ဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၁၄၁၀၀၀)၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ် (၁၃၉၆၀၀)၊ ဇူလိုင်လ(တတိယပတ်)အစတွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၁၄၁၆၀၀)ဖြစ်ပြီး ဇူလိုင်လ(ဒုတိယပတ်)နှင့်(တတိယပတ်)နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၂၀၀၀)ကျပ်ခန့်ဈေးကျနေသော်လည်း အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်းကုန်သည်များထံမှသိရှိရပါသည်။ နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့သော အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ (၁၀၀) မှ (၃၀၀)ထိ ဖြစ်ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)