![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ပဲတီစိမ်း_16.jpg?itok=KnRWpiNW)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ဒေသထွက်ကုန်ဖြစ်သော ပဲတီစိမ်းမှာ ကုန်စည်ဒိုင်သာမက မြို့ပေါ်ရှိပွဲရုံများ တွင်လည်းနေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူ ကုန်သည်များထံမှ သိရှိရပါသည်။ ပခုက္ကူ မြို့နယ်တွင် ပဲတီစိမ်းကို စိုက်ဧက (၆၀၀၀)ကျော်ရှိပြီး အဓိကစိုက်ပျိုးသောနေရာများမှာ ကံတော်၊ ကဲလှ၊ ကံရပ် ၊ ချောက်ကန်အုပ်စုရွာများ၊ ကိုင်းအုပ်စု ကျေးရွာများနှင့် မြိုင်မြို့နယ်ရှိရွာများဖြစ်သော ကျောက်ဆောက်၊ လက်ပဲအိုက်၊ မြို့သာရွာများမှ တစ်ကွင်းတစ်စပ်အဖြစ် စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့သည် စီးပွားရေးအချက်အချာကြသော မြို့တစ်မြို့ပြီး အခြားမြို့များမှလည်း လာရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲတီစိမ်းဈေးနှုန်းများမှာ အရည်အသွေးကိုလိုက်၍ ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၄၅၀၀၀ မှ ၆၀၀၀၀)၊ (ဒုတိယပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၅၀၀၀၀ မှ ၆၀၀၀၀)၊ (တတိယပတ်)အစတွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၅၀၀၀၀ မှ ၆၁၀၀၀)ဖြစ်ပြီး ဇူလိုင်လ(ဒုတိယပတ်)နှင့်(တတိယပတ်)နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၁၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း၊ ကုန်သည်များထံမှ သိရပါသည်။ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့သော အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ (၅၀၀) မှ (၁၀၀၀)ထိ ဖြစ်ပြီး တင်ပို့အနေဖြင့် မြန်မာပြည်အောက်ပိုင်းသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)