စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များသည် ၁၄-၇-၂၀၂၄ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ စက်သုံးဆီများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီအမျိုးအစားနှင့် စက်သုံးဆီပမာဏများအတိုင်း အရောင်းဆိုင်သို့ အမှန်ရောက်ရှိခြင်းရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အချင်အတွယ်ကိုက်ညီမှန်ကန်မှုရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်းချခြင်းရှိ/ မရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက်ထားခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြသည်။ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် (၁၄-၇-၂၀၂၄) ရက်နေ့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြစ်သည့် ဧရာဝတီ၊ ပုသိမ်သတ်မှတ်ရည်ညွှန်းဈေး (92- 2755, 95- 2880, HSD-2520, PD-2950) ကျပ်နှုန်းတို့ကို LED ဘုတ်တွင်ဖော်ပြ၍ ရောင်းချလျက်ရှိကြောင်းသိရှိရပြီးနောက် ဓနုဖြူမြို့စက်သုံးဆီအရောင်းဆိုင်(၁၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)