![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/298_0.jpg?itok=f-gyNRbu)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနရုံးချုပ် ရုံးအမှတ် (၅၂ )၌ ဒုတိယညွှန်းကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်၍ တိုင်းပြည်နယ်ဦးစီးမှူးများနှင့်ကျင်းပပြုလုပ်သော စားအုန်းဆီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် တိုင်း/ ပြည်နယ်ဦးစီးမှူးများအနေဖြင့် စားအုန်းဆီများသယ်ယူပို့ဆောင်ရာ၌ နေရာဒေသအလိုက် စားအုန်းဆီတစ်ပိသာကုန်ကျစရိတ်များကို ပြန်လည်စီစစ်ရန်နှင့် စားအုန်းဆီတင်သွင်းဖြန့်ဖြုးသည့် ကုမ္ပဏီများအနေဖြင့်လည်း သက်ဆိုင်ရာဒေသအသီးသီးသို့ ဖြန့်ဖြူးရောင်းချရာတွင် သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုနှင့်ချိတ်ဆက်ဆောင်ရွက်ပြီး သယ်ယူစရိတ်နှုန်းထားများမှန်ကန်မှုရှိစေရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)