Main menu

ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်တချို့၏ဆန်စပါးဈေးကွက် ဇူလိုင်လ ဒုတိယပတ်၌ကျဆင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်တချို့၏ ဆန်စပါးဈေးကွက် ဇူလိုင်လ ဒုတိယပတ်၌ ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိရာ ပုသိမ်ဈေးကွက်တွင် ပေါ်ဆန်းဆန်တစ်အိတ်လျှင် ယခင်က ကျပ်၁၁၈၀၀၀ဈေးမှ ယခုဈေး ကျပ်၁၁၅၀၀၀ဖြစ်သွား၍ ဆန်တစ်အိတ်လျှင် ကျပ်၃၀၀၀ဈေးကျဆင်းလျက်ရှိပြီး နွေစပါး၄၆ပေါင်ပါ တင်း၁၀၀လျှင် ကျပ်၁၇သိန်းခန့်မှ ယခုဈေး ကျပ်၁၅သိန်းဈေးနှုန်းခန့်ဖြစ်သွား၍ စပါးတင်း၁၀၀လျှင် ကျပ်သိန်းဂဏန်းဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

     မြောင်းမြခရိုင်၊ မြောင်းမြဝါးခယ်မမြို့နယ်များတွင် ယခင်ဇူလိုင်လ ပထမပတ်၌ ပေါ် ဆန်းစပါး ၄၆ပေါင်ပါ တင်း၁၀၀လျှင် ကျပ်၂၀သိန်းခန့်မှ ယခုဈေး ကျပ်၂၅သိန်းခန့်၊ မိုးဧည့်မထစပါး ၄၆ပေါင်ပါ တင်း၁၀၀လျှင် ကျပ်၁၉သိန်း၊ ၂၀သိန်းခန့်မှ ယခုဈေး ကျပ်၁၇သိန်း၊ ကျပ်၁၉သိန်းနှင့် နွေစပါး ၄၆ပေါင်ပါ တင်း၁၀၀လျှင် ၁၇သိန်းကျပ်ဈေးမှ ယခုဈေး ကျပ်၁၅သိန်းခန့်ဈေးဖြင့် စပါးတင်း၁၀၀လျှင် ကျပ်သိန်းဂဏန်းဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဆန်စပါးဈေးနှုန်းသတင်းများမှသိရှိရပါသည်။

DOCA(ဧရာဝတီ)