Main menu

ချောက်မြို့၊ အနော်ရထာတံတားဂိတ်၌ တရားမဝင်ကုန်သွယ်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ဧရာဝတီမြစ်ကူး အနော်ရထာတံတားဂိတ်၌ (၁၇-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ မော်တော်ကားများပေါ်တွင် တရားမဝင်ကုန်သွယ်မှုမရှိစေရေး မော်တော်ယာဉ်အဝင်/အထွက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

      အဆိုပါ အနော်ရထာတံတားဂိတ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်ကုန်သွယ်မှုမရှိစေရေး၊ မြို့နယ်အတွင်းသို့ ကုန်ပစ္စည်းဝင်ရောက်ရာတွင် တရားမဝင်ကုန်စည်များ၏အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်းထိခိုက်မှုမရှိစေရေးတို့အတွက်ရည်ရွယ်၍ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)