Main menu

ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

    ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကော့သောင်းခရိုင်၊ စားသုံးသူရေးဦးစီးဌာနမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည်   ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆရာမများနှင့် သင်တန်းသူများ၊ စုစုပေါင်း(၂၅)ဦးအား စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်နည်းလမ်းများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောပို့ချခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)