Main menu

တနင်္သာရီတိုင်းဒေသကြီးမှ (၈-၇-၂၀၂၄) ရက်နေ့မှ (၁၅-၇-၂၀၂၄)ရက်နေ့အထိ ဆန်စီးဝင်မှုအခြေအနေ

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီးမှ (၈-၇-၂၀၂၄) ရက်နေ့မှ (၁၅-၇-၂၀၂၄)ရက်နေ့အထိ ဆန်စီးဝင်မှုအခြေအနေမှာ ရန်ကုန်မှ ထားဝယ်မြို့သို့ (ပေါ်ဆန်း+ဧည့်မထ)ဆန် (၅၄၆၈) အိတ်၊ တန်ချိန်အားဖြင့် ၂၇၃တန်၊ ဖျာပုံမှ မြိတ်မြို့သို့ (ပေါ်ဆန်း+ဧည့်မထ)ဆန် (၉၈၀၀)အိတ်၊ တန်ချိန်အားဖြင့် ၄၉၀တန်၊ စုစုပေါင်း (ပေါ်ဆန်း+ ဧည့်မထ)ဆန် (၁၅၂၆၈) အိတ်၊ တန်ချိန် (၇၆၃) တန်စီးဝင်ခဲ့ပြီး ယခုအပတ်တွင် ရန်ကုန်မှ ကော့သောင်းသို့ ဆန်စီးဝင်မှုမရှိကြောင်းသိရပါသည်။ သို့ဖြစ်ပါ၍ (၈-၇-၂၀၂၄) ရက်နေ့မှ (၁၅-၇-၂၀၂၄) ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ဆန်စီးဝင်မှုမှာ (၇၆၃)တန်စီးဝင်ခဲ့ပြီး စုစုပေါင်းဆန်လက်ကျန်မှာ (၅၀၄၀၂)တန်ခန့်ရှိကြောင်းသိရှိရပါသည်။ ယခုအပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီးရှိ ဆန်ဈေးနှုန်းအခြေအနေမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်းလျက်ရှိကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)