Main menu

ကျောက်ပန်းတောင်းမြို့တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းခွင်များသို့ကွင်းဆင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)၏ဦးဆောင်မှုဖြင့် ညောင်ဦးခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်အတူ (၁၁-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ရှိ ပဲကြော်လုပ်ငန်း၊ အာလူးကြော်လုပ်ငန်းနှင့် မြေပဲပွကြော်လုပ်ငန်းခွင်များသို့ သွားရောက်ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။           

        စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများထည့်သွင်းဖော်ပြနိုင်စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များအားလိုက်နာမှုရှိစေရေး၊ နိုင်ငံတော်က သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများအား လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေးတို့အတွက် ကြီးကြပ်မှုများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်ရမည့် အမိန့်နှင့်ညွှန်ကြားချက်များကိုချပြရှင်းလင်း၍ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေများပါပြဋ္ဌာန်းချက်များ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုလိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မှုများခံရမည်ဖြစ်၍ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းများကို မှန်မှန်ကန်ကန်နှင့် ရိုးသားဖြောင့်မတ်စွာလုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍ လမ်းညွှန်ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)