Main menu

ညောင်ဦးမြို့နယ်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၅-၇-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် လုပ်ငန်းရှင်များတွေ့ဆုံ၍ ညောင်ဉီးမြို့နယ်အတွင်းရှိ  MSMEs လုပ်ငန်းရှင်များ လုပ်ငန်းခွင်များတွင် လိုအပ်လျက်ရှိသော စက်မှုလုပ်ငန်းသုံးစားသုံးဆီများရရှိစေရေးနှင့် အမှန်တကယ်အသုံးပြုမှုရှိစေရေးတို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ညောင်ဦးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်များ၊ ပဲကြော်လုပ်ငန်းရှင်များ၊ အလူးကြော်လုပ်ငန်းရှင်များ၊ ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းရှင်များ၊ လက်ဖက်ပဲကြမ်းလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)က လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အမှန်တကယ်လိုအပ်လျက်ရှိသော လုပ်ငန်းသုံးစားသုံးဆီများကို နိုင်ငံတော်မှ သက်သာသောဈေးနှုန်းများဖြင့် ဖြည့်ဆည်းရောင်းချပေးလျက်ရှိရာ လုပ်ငန်းခွင်များတွင် မှန်မှန်ကန်ကန်အသုံးပြုရန်လိုအပ်ကြောင်း၊ မိမိတို့ထုတ်လုပ်သောထုတ်ကုန်များကိုလည်း ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်များသို့တိုင် ထိုးဖောက်ရောင်းချနိုင်ရန်အတွက် အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့လုပ်ငန်းရှင်(၄၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

(မန္တလေး)