Main menu

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်၌ ဗီယက်နမ်၏ ငရုတ်ကောင်းတင်ပို့မှု ၃၀% မြင့်တက်

Powered by Drupal

   ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (VPSA) မှ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံမှ ငရုတ်ကောင်း ၁၄၂၅၈၆ တန် တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ၆.၈% ကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၃၀.၅% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

    အမေရိကန်သည် ဗီယက်နမ်ထံမှ ငရုတ်ကောင်းကို ၃၇၄၃၅ တန်ဖြင့် အများဆုံး ဝယ်ယူတင်သွင်းသည့်နိုင်ငံဖြစ်ပြီး စျေးကွက်ဝေစု၏ ၂၆.၃% ရှိကြောင်း၊ အဆိုပါ ပမာဏသည် ယခင်နှစ် ကာလတူထက် ၄၄.၆% မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပို့ကုန်များအား ဂျာမနီ၊ နယ်သာလန်၊ အိန္ဒိယနှင့် ယူအေအီးကဲ့သို့သော ဈေးကွက်အချို့သို့ အရှိန်အဟုန်ဖြင့် တင်ပို့ခဲ့ပြီး ၁၀၆.၇%၊ ၅၂.၁%၊ ၄၅.၇% နှင့် ၁၅.၂% သို့ အသီးသီး မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

     ၂၀၂၄ ခုနှစ် ပထမခြောက်လ၌ ငရုတ်ကောင်းဈေးနှုန်းများ အဆက်မပြတ် မြင့်တက်လာသည်ဟု စီးပွားရေးလုပ်ငန်းရှင်များမှ ယူဆကြကြောင်း၊ လက်ရှိတွင် ပျမ်းမျှငရုတ်ကောင်းတင်ပို့မှု ဈေးနှုန်းအား ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ မြင့်တက်ခဲ့ကြောင်း၊ ငရုတ်ကောင်းအဖြူနှင့် ငရုတ်ကောင်းအနက်တို့၏ ပျမ်းမျှတင်ပို့သည့် ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၀၀ နှင့် ၆၀၀၀ ကျော် အသီးသီးရှိကြောင်း သိရှိရသည်။

   အခြားတစ်ဖက်တွင် ဗီယက်နမ်သည် ဇန်နဝါရီမှ ဇွန်လအတွင်း အမေရိကန်ဒေါ်လာ ၆၉.၆ သန်းနှင့်ညီမျှသော ငရုတ်ကောင်းတန်ချိန် ၁၈၀၀၀ ကျော် တင်သွင်းခဲ့ပြီး ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဘရာဇီး၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့သည် ဗီယက်နမ်သို့ ငရုတ်ကောင်း တင်သွင်းမှုအများဆုံးနိုင်ငံများဖြစ်ကြောင်း သိရှိရသည်။

Source: Vietnam Plus, 12 July 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)