Main menu

ညောင်ဦးမြို့နယ်၊ ဘုန်းတော်ကျေးရွာ၌ စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး) သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်ဒေသဝင်ငွေတိုးရေးစီမံကိန်း “သီးနှံအခြေခံတန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” သို့တက်ရောက်လာသော သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသူ/သင်တန်းသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုများဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲအား (၁၇-၇-၂၀၂၄)ရက်နေ့၊ နေ့လယ် ၁၅:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ နယ်၊ တောင်ဇင်ကျေးရွာအုပ်စု၊ ဘုန်းတော်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်များကိုလည်းကောင်း၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းများနှင့်ပတ်သက်၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များ၊ တားမြစ်ချက်များကိုလိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီးနောက် သင်တန်းသူ/သင်တန်းသားများက ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိလိုသည့်အချက်များကိုမေးမြန်းဆွေးနွေးရာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲတွင် သင်တန်းဆရာ/ဆရာမနှင့် သင်တန်းသူ/သင်တန်းသား(၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)