Main menu

“စျေးကွက်အတွင်း ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်‌ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိကွင်းဆင်း”

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစား‌‌သောက်ကုန်များ စျေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ တချို့ဒေသများ၌ ပြင်းထန်သောဝမ်းရောဂါကူးစက်မှုများ ဖြစ်ပေါ်နေကြောင်းသိရှိရသဖြင့် ‌ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၂-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကျောက်ဆည်မြို့နှင့် စဉ့်ကိုင်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းများရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ဝမ်းရောဂါနှင့်ပတ်သက်ပြီး ဆေးပစ္စည်းအမျိုးအမည်၊ တင်သွင်းထုတ်လုပ်သည့်ကုမ္ပဏီအမည်၊ ဆေးဝါးလက်ကျန်အပေါ်မူတည်၍ ရောင်းချနိုင်သည့်ကာလနှင့် ထမ်မံမှာယူနိုင်မည့်အခြေအနေများကို အသေးစိတ်မေးမြန်းပြီး ဆေးဆိုင်ပေါင်း(၁၁)ဆိုင်အားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)