Main menu

“နွေစပါးရိတ်သိမ်းမှုအခြေအနေ”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်၍ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး တောင်သူများမှာ နွေစပါးသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိရာ ခရိုင်အတွင်း နွေစပါးစိုက်ဧကအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၆၅၁၉)ဧကစိုက်ပျိုးထားရှိပြီး ဇူလိုင်လ ဒုတိယပတ်အထိ (၄၂၇၉)ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ နွေစပါး(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၇၈၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် မနောသုခမျိုးနှင့် ဧရာပဒေသာမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စပါး(၁)ဧကအထွက်နှုန်းအနေဖြင့် (၈၀-၉၀)တင်းအထိထွက်ရှိကြောင်း၊ စပါးစျေးနှုန်းအနေဖြင့် ယခင်နှစ် နွေစပါး မနောသုခတစ်တင်းလျှင် (၂၂၀၀၀/-)ကျပ်၊ ဧရာပဒေသာတစ်တင်းလျှင် (၂၆၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုနှစ်နွေစပါး မနောသုခတစ်တင်းလျှင် (၂၃၀၀၀/-)ကျပ်၊ ဧရာပဒေသာ တစ်တင်းလျှင် (၂၉၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိကြောင်း မြို့ပေါ်ပွဲရုံများမှသိရှိရပါသည်။ စပါးစျေးများကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်များဖြစ်ထွန်းကြောင်း၊ နွေစပါး စိုက်ပျိုး/ ရိတ်သိမ်းပြီးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)