Main menu

“မိုးစပါးများစိုက်ပျိုးရန်ပျိုးများ စတင်ထောင်လျက်ရှိ”

Powered by Drupal

 ‌‌    ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် ရာသီအလိုက် သီးနှံများစိုက်ပျိုးရန် ကြိုတင်ပြင်ဆင်လုပ်ကိုင်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးများစိုက်ပျိုးရန်အတွက်  ပျိုးများစတင်ထောင်လျက်ရှိပါသည်။ပျိုးထောင်ရန်အတွက် (၁)ဧကလျှင် မျိုး(၂)တင်းခန့်ထောင်ရကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ဧရာပဒေသာမျိုးနှင့် မနောသုခမျိုးများကိုစိုက်ပျိုးကြကြောင်း၊ မျိုးစျေးအနေဖြင့် ဧရာပဒေသာမျိုးတစ်တင်းလျှင် (၃၀၀၀၀/-)ကျပ်၊ မနောသုခမျိုးတစ်တင်းလျှင် (၂၃၀၀၀/-)ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း၊ ပျိုးထောင်လျှင်(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားအပါအဝင် စုစုပေါင်း(၂၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ တောင်သူများအနေဖြင့် မိုးစပါး၊ နွေစပါး၊ မိုးကြိုစပါးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုတွင်လည်း ပျိုးထောင်စနစ်နှင့် ပက်ကြဲစနစ်များဖြင့်စိုက်ပျိုးကြပါသည်။ မိုးစပါးစိုက်ပျိုးမှုတွင် ရေတင်ခသက်သာသောကြောင့် နွေစပါးထက် ကုန်ကျစရိတ်နည်းကြောင်း၊ မိုးစပါးစိုက်ပျိုးရန်အတွက် ပျိုးထောင်ထားသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)