Main menu

“နနွင်းမိုးများစတင်စိုက်ပျိုး”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပါသည်။ သီးနှံမျိုးစုံစိုက်ပျိုးသည့်အနက် နနွင်း(မိုး)ကိုလည်းစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း နနွင်းစိုက်ဧက(၇၅၄)ဧကစိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၃၄)ဧက၊ မြစ်သားမြို့နယ်တွင် (၇၂၀)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နနွင်းစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် (၁)ဧကလျှင် နနွင်းတက်(၁၅-၁၆)တင်း၊ နနွင်းဂေါင်း (၅၀)တင်းစိုက်ပျိုးရကြောင်း၊ နနွင်းမျိုး အတက်တစ်တင်းလျှင် (၁၅၀၀၀/-)ကျပ်၊ နနွင်းဂေါင်းတစ်တင်းလျှင် (၁၁၀၀၀/-)ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှု(၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် (၁၆၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ နနွင်းအထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် (၃၀၀-၅၀၀)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်နနွင်းစျေးနှုန်းအနေဖြင့် နနွင်းတက် (၁)ပိဿာလျှင် (၅၅၀၀/-)ကျပ်၊ နနွင်းမှုန့်(၁)ဘူးလျှင် (၁၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုလက်ရှိပေါက်စျေးအနေဖြင့် နနွင်းတက် (၁)ပိဿာလျှင် (၉၈၀၀/-)ကျပ်၊ နနွင်းမှုန့်(၁)ဘူးလျှင် (၁၃၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊နနွင်းများပေါ်ချိန်တွင်လည်း စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နနွင်းအများဆုံးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)