![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၂၇_3.jpg?itok=xM5nPnMc)
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဌာနခွဲတာဝန်ခံသည် ၁၇-၇-၂၀၂၄ ရက်နေ့တွင် “SB” အမှတ်တံဆိပ် သဘာဝချည်သားကလေးအနှီးထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ထုတ်ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့်ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ကြိုတင်သတိပေးချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ဖော်ပြရမည့်အပြင် ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ပါဝင်ပစ္စည်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်း ပြည့်စုံစွာဖော်ပြပေးရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။
DOCA(မွန်)