Main menu

မွန်ပြည်နယ်ထွက် ကျွဲကောသီးများ ဈေးကောင်းရ

Powered by Drupal

      မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်သည်။ ကျွဲကောသီးအများဆုံထွက်ရှိသော မြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မုဒုံ၊ မော်လမြိုင်မြို့နယ်များဖြစ်ပြီး ယခုဇူလိုင်လ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းများမှာ ကျွဲကောသီး ပန်းရောင်(အကြီး) တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ ကျွဲကောသီး ပန်းရောင်(အလတ်) တစ်လုံးလျှင် (၂၀၀၀) ကျပ်၊ ကျွဲကောသီး ပန်းရောင်(အငယ်) တစ်လုံးလျှင် (၁၀၀၀) ကျပ်၊ ကျွဲကောသီး အဖြူ(အကြီး) တစ်လုံးလျှင် (၂၀၀၀) ကျပ်၊ ကျွဲကောသီး အဖြူ(အလတ်) တစ်လုံးလျှင် (၁၀၀၀) ကျပ်၊ ကျွဲကောသီး အဖြူ(အငယ်) တစ်လုံးလျှင် (၈၀၀) ကျပ်ဖြစ်ကြောင်းသိရှိရပြီး အဆိုပါကျွဲကောသီးများကို မော်လမြိုင် - ရန်ကုန် ကားလမ်းဘေး ဝဲ/ယာဆိုင်များနှင့် ရန်ကုန်၊ မန္တလေးနှင့် အမြို့မြို့အနယ်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

       ကျွဲကောသီးကို တိုင်းရင်းဆေးပညာအရဆိုလျှင်လည်း ဆီးမှန်၊ ဝမ်းမှန်၊ သွေးမှန်၊ လေမှန် စသည်များအပြင် သွေးလည်ပတ်မှုကောင်းခြင်း၊ ကင်ဆာရောဂါများသက်သာစေခြင်း၊ သက်ကြီးရွယ်အိုများကိုလည်း ကျွဲကောသီးကျွေးခြင်းဖြင့် ရင်ချောင်ကာ ထမင်းမိန်စေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေနိုင်ကြောင်းသိရှိရပါသည်။

DOCA(မွန်)