Main menu

ချောင်းဆုံမြို့နယ်၌ စားသုံးဆီ၊ ရောနှောဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ၁၇-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ် အမှတ်(၂) မြို့မဈေးတွင် ရောင်းချနေသောစားဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိ ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိမှုကိုတွေ့ရှိရသည်။ ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော စားသုံးဆီများကိုသာရောင်းချနိုင်ရေး ပြောကြားခဲ့ပြီး စားဆီအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)