Main menu

မွန်ပြည်နယ်၏ နှမ်းစိုက်ပျိုးထွက်ရှိမှုအခြေအနေ

Powered by Drupal

      မွန်ပြည်နယ်တွင် နှမ်းကို ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးကြပြီး ဘီးလင်း၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရောတို့တွင် အများဆုံစိုက်ပျိုးကြောင်းသိရသည်။ စိုက်ပျိုးသည့်မျိုးအနေဖြင့် နှမ်းနက်ကို အများဆုံစိုက်ပျိုးကြောင်းသိရှိရသည်။

        မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ နှမ်းစိုက်ဧကမှာ (၂၁၂၇) ဧကရှိပြီး၊ ရိတ်သိမ်းဧကမှာ (၂၁၂၇) ဧက၊ အထွက်နှုန်းမှာ (၁၁.၇၂) တင်းနှုန်းဖြင့် တင်းပေါင်း (၂၄၉၁၉) တင်းထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

       နှမ်းတစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၆၁၀၀၀၀) ကျပ်ရှိပြီး တစ်ဧကအထွက်နှုန်းမှာ (၁၂) တင်းထွက်ရှိကြောင်းသိရသည်။ ဈေးနှုန်းအနေဖြင့် နှမ်းတစ်တင်းလျှင် ကျပ် (၁၀၅၀၀၀) ပေါက်ဈေးရှိရာ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၆၂၂၅၀၀) ကျပ်ရရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)