ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁၈-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းရှိ ကုန်မျိုးစုံဆိုင်များ၌ ရောင်းချလျက်ရှိသော စားသုံးဆီများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်တာဝန်ခံက အမှတ်(၅)ရပ်ကွက် ကုန်သည်လမ်းရှိ ကုန်မျိုးစုံဆိုင် (၂)ဆိုင်တွင်ရောင်းချနေသော စားသုံးဆီများတွင် Lotus အမှတ်တံဆိပ်၊ ရန်ကုန်ပဲဆီသန့်ဆီဘူးများတွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားနှင့် FDA ၏ထောက်ခံချက်များပါ/မပါ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူပြည်သူများ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များအား အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ ဥပဒေများကိုလည်းလိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)