Main menu

တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စုနေပြည်သူများအား ဆန်နှင့်စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

Powered by Drupal

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ တောင်ငူခရိုင်မှ ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင်များက ဆန်များကိုလည်းကောင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက စားသုံးဆီများကိုလည်းကောင်း အခြေခံလူတန်းစားများရှိရာ ရပ်ကွက်/ကျေးရွာများသို့ mobile မော်တော်ယာဉ်များဖြင့်သွားရောက်၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

        ဇူလိုင်လ ၁၆ရက်နေ့တွင် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးတော၊ သောင်ကုန်းနှင့် ငါးချဉ့်ချောင်းကျေးရွာများသို့သွားရောက်၍ ဆန် ၅၀အိတ်နှင့် စားသုံးဆီ ၁၅၀ပိဿာကို ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်နှုန်း၊ စားသုံးဆီတစ်ပိဿာလျှင် ၆၀၀၀ကျပ်နှုန်းဖြင့်ရောင်းချပေးပါသည်။

         အိမ်ထောင်စုတစ်စုလျှင် ဆန်နှစ်ပြည်နှင့် စားသုံးဆီ ၅၀ကျပ်သားရောင်းချပေးကြောင်းနှင့် ဆန်နှင့်စားသုံးဆီရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဝန်ထမ်းများက ကြီးကြပ်ပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)