Main menu

တောင်ငူမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့၊ နံနက်ပိုင်းတွင်  တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာနခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာများအသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြရန် ပြဋ္ဌာန်းချက်ကို စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ စားသုံးသူပြည်သူများက ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှု၍ ဖော်ပြချက်နှင့်အညီ သုံးစွဲရန်လိုအပ်ပုံများ၊ စစ်ဆေးရေးအရာရှိများက ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

      ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သက်မွေးပညာသင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများသို့သွားရောက်ကွင်းဆင်း၍ ဟောပြောပွဲများကျင်းပသည့်အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းကိုလည်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)