Main menu

အုတ်တွင်းမြို့နယ် အင်ဒိုင်းမူ/ လွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့်ဗဟုသုတများရရှိစေရေး အသိပညာပေးဟောပြောပွဲများကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြိုန့ယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲကြရန် အရေးကြီးပုံများကို အသိပညာပေးဟောပြောခဲ့ပါသည်။

         ၎င်းဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၅၈ဦးတက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်ပိုစတာများပြသခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)