Main menu

တောင်ငူမြို့၏ နာနတ်သီးဈေးကွက်

Powered by Drupal

      တောင်ငူမြို့သို့ ရှမ်းပြည်နယ်၊ သီပေါမြို့မှ နာနတ်သီးများဝင်ရောက်လျက်ရှိပြီး ကျောက်စိမ်းသီးနှင့် ပျားရည်သီးဟူ၍ အမျိုးအစားနှစ်မျိုးရှိပါသည်။ ကျောက်စိမ်းသီးများမှာ အရွယ်ညီပြီး ပေါ်ခါစက တစ်လုံးလျှင် ၃၀၀၀ကျပ်၊ နှစ်လုံးယူလျှင် ၅၀၀၀ကျပ်ရှိခဲ့ပြီး ဇူလိုင်လ၊ တတိယအပတ်တွင် တစ်လုံးယူလျှင် ၂၀၀၀ကျပ်၊ နှစ်လုံးယူလျှင် ၃၅၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာပါသည်။

        ပျားရည်သီးမှာ အရွယ်အစားအမျိုးမျိုးရှိပြီး ပေါ်ခါစက တစ်လုံးလျှင် အသေး ၂၀၀၀ကျပ်၊ အလတ် ၂၅၀၀ကျပ်နှင့် အကြီး ၃၅၀၀ကျပ်ရှိပြီး ဇူလိုင်လ၊ တတိယအပတ်တွင်  တစ်လုံးလျှင် အသေး ၁၀၀၀ကျပ်၊ အလတ် ၁၅၀၀ကျပ်နှင့် အသေး ၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းလာပါသည်။

     နာနတ်သီးများကို ဆိုင်တွင် အထိုင်ဖြင့်လည်းကောင်း၊ မော်တော်ယာဉ်ငယ်များဖြင့် လူစည်ကားရာနေရာများသို့လည်းကောင်း လှည့်လည်ရောင်းချကြောင်း၊ ပေါ်ခါစက ဈေးနှုန်းမြင့် သော်လည်း ယခုကဲ့သို့ လှိုင်လှိုင်ပေါ်သည့်ကာလတွင် ဈေးနှုန်းကျဆင်းပြီး သင့်တင့်သောဈေးနှုန်းဖြစ်ခြင်း၊ အရသာကောင်းမွန်၍ လူကြိုက်များခြင်းကြောင့် ရောင်းအားကောင်းကြောင်း သစ်သီးဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)