Main menu

တောင်ငူခရိုင်၊ အုတ်တွင်းမြို့မှ မြန်မာ့ရိုးရာဟင်းထုပ်

Powered by Drupal

       တောင်ငူခရိုင်၊ အုတ်တွင်းမြို့မှ မြန်မာ့ရိုးရာဟင်းထုပ်လုပ်ငန်းသည် မိသားစုအပိုဝင်ငွေရသည့် လုပ်ငန်းဖြစ်ပါသည်။ ဆန်ကိုရေစိမ်၍ ကြိတ်ပြီး ရလာသောမုန့်နှစ်ကိုမူ ကန်စွန်းရွက်၊ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ ကြက်သွန်နီတို့ကိုပါးပါးလှီး၍သော်လည်းကောင်း၊ စပါးလင်၊ ချင်းကိုကြေညက်အောင်ထောင်း၍သော်လည်း‌ကောင်း ရသာမှုန့်များဖြင့်နယ်ပြီး ရဲယိုရွက်ကိုဆီသုတ်၍ ထုပ်ရပါသည်။

      ၎င်းဟင်းထုပ်များကို ရေနွေးပွက်ပွက်ဆူတွင် နာရီဝက်ခန့်ပေါင်းလျှင် အနံ့၊ အရသာနှင့်ပြည့်စုံသည့် ဟင်းထုပ်ကိုရရှိပါသည်။ သားသတ်လွတ်ဟင်းထုပ်အပြင် ငါးဟင်းထုပ်၊ ကြက်သား ဟင်းထုပ်၊ ဝက်သားဟင်းထုပ်များကိုလည်းပြုလုပ်ရောင်းချပါသည်။

      သားသတ်လွတ်ဟင်းထုပ်ကို (၄)ထုပ်လျှင် ၁၀၀၀ကျပ်၊ အသား ဟင်းထုပ်များကို (၃) ထုပ်လျှင် ၁၀၀၀ကျပ်ဖြင့် ၎င်းဟင်းထုပ်ဆိုင်တွင် ဝယ်ယူနိုင်သည့်အပြင် ရပ်ကွက်အတွင်းသို့ လှည့် လည်၍လည်းရောင်းချကြောင်းနှင့် ဈေးနှုန်းသင့်တင့်သဖြင့် ရောင်းအားကောင်းကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)