Main menu

ပင်လုံရောက်နာနတ်ချိုချို

Powered by Drupal

    ပင်လုံမြို့သို့ ရုံးကိစ္စဖြင့်ရောက်ရှိခဲ့စဉ်က ပင်လုံမြို့ မြို့မဈေး ဈေးအရှေ့ဘက်တွင် (Pro Box) ကဲ့သို့သော ကားငယ် (၄)စီး၊ (၅)စီးခန့် နာနတ်သီးများ ရောင်းချနေသည်ကို တွေ့ရှိခဲ့ရပါသည်။ ရောင်းချနေသော နာနတ်သီးများ၏ ဈေးမှာ အလုံးငယ် (၁၅၀၀)ကျပ်နှင့် အလုံးကြီး (၂၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ၎င်းနာနတ်သီးများမှာ နမ့်စန်ဒေသမှ ထွက်ရှိပြီး ယခုလိုရာသီမျိုးတွင် လှိုင်လှိုင်ထွက်ရှိကြောင်းနှင့် မိမိကားငယ်တစ်စီးလျှင် အရင်းငွေ (၅၀၀၀၀၀)ကျပ်ခန့် ရင်းနှီးရပြီး ဝယ်ယူထားသော နာနတ်သီးများအား အကြီး၊ အသေးခွဲ၍ ရောင်းချ ရကြောင်း သိရှိရပါသည်။

    ယင်းနာနတ်သီးများကို ရောင်းချရမှုအနေဖြင့် (၅)ရက်ခန့်ရောင်းချရပြီး၊ အမြတ်ငွေအနေဖြင့် (၁၀၀၀၀၀)ကျပ်ခန့်မြတ်ကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ သီးနှံစိုက်ပျိုးပြီးချိန်တွင် အပိုဝင်ငွေရရှိအောင် ရောင်းချရကြောင်းနှင့် ရင်းနှီးငွေနည်းနည်းဖြင့် ထိုက်သင့်သည့် အမြတ်ရခြင်းကြောင့် နာနတ်သီးရောင်းသူများ တွက်ချေကိုက်နေကြောင်း သိရှိရပါသည်။ကျွန်တော်တို့အဖွဲ့လည်း နာနတ်သီး ချို/မချို ဝယ်ယူစားသုံးကြည့်ရာ နာနတ်သီးများမှာ လတ်ဆတ်ချိုမြိန်နေကြောင်း သိရှိရသဖြင့် အိမ်စားရန်အတွက်ပါ ဝယ်ယူအားပေးခဲ့ပါသည်။

DOCA(ရှမ်း)