![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၅၅_6.jpg?itok=LxDPqMpD)
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် သခွားသီး(တို့စရာ) စိုက်ပျိုးသူတောင်သူ ဦးအောင်ကျော်၏ ငရုတ်စိုက်ခင်းသို့ (၁၆-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ သခွားသီးကို ကဆုန်လတွင် စတင်စိုက်ပျိုးကာ စိုက်ပျိုးပြီးနောက် (၄၅)ရက်အကြာတွင် စတင်ခူးဆွတ်၍ရောင်းချရပါသည်။ သခွားသီးစိုက်ပျိုးရာတွင် မျိုးစေ့(၃)ထုပ်စိုက်ပျိုးရပြီး မြောင်းပေါင်ပြုလုပ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ရေလောင်းခြင်း စသည်ဖြင့် ကုန်ကျစရိတ် (၅)သောင်းကျပ်ခန့်ကုန်ကျကြောင်းသိရပါ သည်။ အသီးများစတင်ခူးဆွတ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် အလုံး(၅၀၀)ခန့်ခူးယူရရှိပြီး ရောင်းချသည့်ဈေးနှုန်းမှာ တစ်လုံးလျှင် လက်ကားဈေး ၅၀ကျပ်နှုန်းဖြင့် အခင်းအထိဆင်း၍ ဝယ်ယူကြပါသည်။ သီးနှံရောင်းရငွေမှာ (၂၀၀၀၀၀)ကျပ်ခန့်ရရှိပြီး တောင်သူအကျိုးအမြတ်အနေဖြင့် ၁၅၀၀၀၀ကျပ်ရရှိကြောင်းသိရပါသည်။
သခွားသီးစိုက်ပျိုးခြင်းဖြင့် အရင်းအနှီးလည်းနည်းပြီး ဝင်ငွေမှာ သိန်းကျော်အထိရရှိသဖြင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)