Main menu

ရွှေတောင်မြို့ရှိ ခရမ်းသီးဈေးကွက်

Powered by Drupal

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာ၌ ခရမ်းသီးများစိုက်ပျိုးထားရှိပြီး ယခုအချိန်မှာ ခရမ်းသီးများထွက်ရှိချိန်ဖြစ်၍ ဈေးကွက်တွင် ရောင်းချလျက်ရှိပါသည်။ ခရမ်းသီးကို တန်ခူးလတွင် စတင်စိုက်ပျိုးပြီး နယုန်လလယ်လောက်တွင် ခရမ်းသီးများစတင်ထွက်ရှိပါသည်။ ခရမ်းသီးတစ်ယောက်စိုက်(တစ်ဧက၏ လေးပုံတစ်ပုံ)တွင် အပင်ရေ (၅၀၀)ခန့်ရှိပြီး၊ တစ်ဧကလျှင် အပင်ရေ (၂၀၀၀)ခန့်ဝင်ဆံ့သည်ဟုသိရပါသည်။ ခရမ်းသီးများထွက်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿာချိန် (၂၀)ခန့်ရရှိပြီး (၃)ရက်ခြား၍ခူးဆွတ်ရပါသည်။ ခရမ်းသီးကို စတင်ထွက်ပေါ်ချိန်မှစ၍ အသီးတုန်းချိန်အထိ ၄လမှ ၅လအထိခူးဆွတ်ရပါသည်။ ထွက်ရှိလာသောခရမ်းသီးများကို ကျောက်အိုးရွာမှ ကုန်စိမ်းပွဲစားများက လာရောက်ဝယ်ယူ၍ တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ ကုန်ကျစရိတ်အနေဖြင့် ခရမ်းသီးတစ်ယောက်စိုက် (တစ်ဧက၏လေးပုံတစ်ပုံ) ကို ကျပ်၂သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြောင်းလဲမှုရှိပြီး ပုံမှန်အနေဖြင့် ၂သိန်းကျပ်ခန့်ရရှိကြောင်းလည်းသိရပါသည်။

        ထို့ကြောင့် ခရမ်းသီးစိုက်ပျိုးသူတောင်သူများအနေဖြင့် ခရမ်းသီးစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများရရှိသည့်အပြင် အပိုဝင်ငွေများလည်းရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)