Main menu

ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၇-၇-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းသိရပါသည်။

       အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးက စာအုပ်စာပေလူမိတ်ဆွေ ဆိုသည့်အတိုင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းနှင့် စာအုပ်စာပေလေ့လာခြင်းတို့ဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉)၊ ပုဒ်မ (၁၉)မှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် စားသုံးသူ၏ နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကိုတိုင်ကြားလိုပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၇၅)ဦးတက်ရောက်ကာ ဟောပြောပွဲအား နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပိတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)