VinFast ကုမ္ပဏီသည် ၎င်းတို့၏ လျှပ်စစ်ကားထုတ်လုပ်မည့်စက်ရုံသစ်ကို အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားစီရင်စုရှိ Subang မြို့တွင် ဇူလိုင်လ ၅ရက်နေ့က စတင်ဆောက်လုပ်ခဲ့ကြောင်းသိရပါသည်။ VinFast ၏ အရှေ့တောင်အာရှ၏ အာမခံချက်အမြင့်ဆုံး လျှပ်စစ်ကားဈေးကွက်ထဲမှ တစ်ခုထဲသို့ ယခုကဲ့သို့ ဝင်ရောက်လာပေးမည်ဖြစ်ပြီး ကုမ္ပဏီ၏ ဒေသတွင်းတည်ရှိမှုကို တိုးချဲ့နိုင်မည်ဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည့် လျှပ်စစ်ကားနယ်ပယ်ကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်းသိရပါသည်။ အမေရိကန်ဒေါ်လာသန်း၂၀၀ခန့် ကနဦးရင်းနှီးမြှုပ်နှံမည့်စက်ရုံသည် နှစ်စဉ် မော်တော်ယာဉ်အစီးရေ၅၀၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်းသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ၊ သမ္မတရုံးမှ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ General H-Moeldoko က VinFast ၏ တည်ရှိမှုသည် ပြည်တွင်းစီးပွားရေးကို အကောင်းဘက်မှ သက်ရောက်စေရုံသာမက အလုပ်အကိုင်အခွင့်အလမ်းသစ်များကိုလည်းဖန်တီးနိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်အသိုင်းအဝန်းအတွက် ဘဝအရည်အသွေးမြင့်တက်စေမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါစက်ရုံသည် VinFast ၏ e-SUV မော်ဒယ်၊ ညာမောင်းအမျိုးအစားကားများထုတ်လုပ်မည်ဖြစ်ပြီး အင်ဒိုနီးရှားဈေးကွက်သို့ ဖြန့်ချိသွားမည်ဟုသိရပါသည်။
Source: Vietnam Plus
DOCA(ရန်ကုန်)