Main menu

ဂျပန်နှင့်တရုတ်နိုင်ငံတို့မှလုပ်ငန်းများ အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကားစီးပွားရေးကဏ္ဍတွင် ပါဝင်ရန်ဆန္ဒရှိ

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံ၊ စက်မှုဝန်ကြီးဌာနက ဂျပန်နှင့်တောင်ကိုရီးယားတို့ပါဝင်သော မြောက်များစွာသည့် နိုင်ငံတကာမှလုပ်ငန်းများသည် အင်ဒိုနီးရှားနိုင်ငံ၌ လျှပ်စစ်ကားစီးပွားရေးလုပ်ငန်းကဏ္ဍများတွင်ပါဝင်ရန် စိတ်ဝင်စားနေကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ စက်မှုသယံဇာတနှင့် နိုင်ငံတကာအခွင့်အလမ်းမြှင့်တင်‌ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး Syahron Ahmed  က ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့်တရုတ်နိုင်ငံတို့အပြင် အခြားနိုင်ငံများမှလုပ်ငန်းများသည် အင်ဒိုနီးရှား၏ လျှပ်စစ်ကားစီးပွားရေးတွင်ပါဝင်ရန် ဆက်သွယ်လာကြကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ အင်ဒိုနီးရှားအစိုးရသည် အမေရိကန်က တရုတ်မှလျှပ်စစ်ကားများကို အကောက်ခွန် ၁၀၀ရာခိုင်နှုန်းတိုးမြှင့်ခြင်းနှင့် ဥရောပသမဂ္ဂက တရုတ်လျှပ်စစ်ကားများကို အကောက်ခွန် ၃၇ရာခိုင်နှုန်းထိတိုးမြှင့်ခြင်းတို့ပြုလုပ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်ကားရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို တက်ကြွစွာအားပေးကြေညာလျက်ရှိကြောင်းသိရပါသည်။ လျှပ်စစ်ကားအဓိကထုတ်လုပ်သည့် တရုတ်နိုင်ငံကလည်း လျှပ်စစ်ကားများကို တူရကီနှင့် အင်ဒိုနီးရှားအပါအဝင် အခြားနိုင်ငံများတွင် ထုတ်လုပ်ရန်စီစဉ်လျက်ရှိပြီး အခြားတရုတ်ကုမ္ပဏီများသည်လည်း အင်ဒိုနီးရှားနိုင်ငံတွင် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများလည်ပတ်လျက်ရှိကြောင်းသိရပါသည်။ ဝန်ကြီးဌာနသည် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် လျှပ်စစ်ဘတ္ထရီများအပေါ်တွင် ဆန်းစစ်သုံးသပ်ချက်ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ သို့သော် ၎င်းသည် ဆန်းစစ်သုံးသပ်ချက်သက်သက်သာဖြစ်ပြီး ကုမ္ပဏီများ နိုင်ငံအတွင်းဝင်ရောက်ရန် ဆုံးဖြတ်ချက်ချကြခြင်းမဟုတ်ကြောင်းသိရပါသည်။ တောင်ကိုရီးယားနိုင်ငံမှ Busan Techno Park  ကမူ အင်ဒိုနီးရှားနိုင်ငံတွင် ဆန်းစစ်စစ်ဆေးရေးစင်တာ တည်ဆောက်ရန် စိတ်ဝင်စားလျက်ရှိကြောင်းသိရပါသည်။ ထို့ပြင် ထိုင်ဝမ်မှကုမ္ပဏီတစ်ခုသည်လည်း Batam မြို့ရှိ စက်မှုဇုန်တွင် စက်ရုံတည်ဆောက်ထားကြောင်းသိရပါသည်။ အဆိုပါစက်ရုံသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်လုပ်မှုစတင်နိုင်ရန်မျှော်လင့်ရပြီး ဩဂုတ်လတွင်ကျင်းပမည့် ဖွင့်ပွဲအခမ်းအနားကို စက်မှုဝန်ကြီးအား တက်ရောက်ရန်ဖိတ်ကြားထားကြောင်းသိရပါသည်။ Batam မှစက်ရုံသည် ဘက္ထရီများမှ ကိုဗော့၊ လစ်သီယံနှင့် ကြေးတို့ကိုထုတ်ယူ၍ ပြန်လည်အသုံးပြုနိုင်ရန်ထုတ်လုပ်၍ လျှပ်စစ်ဘတ္ထရီကုမ္ပဏီများကိုရောင်းချမည်ဟု သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် လျှပ်စစ်မော်တော်ယာဉ်ဘတ္ထရီများအတွက် နေရာတစ်ခုတွင်ရှိနေကြောင်းသိရပါသည်။

Source: Jakarta Post

DOCA(ရန်ကုန်)