Main menu

သားရေခြေအိတ်နှင့်လက်ကိုင်အိတ်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂၇ဘီလီယံရရှိနိုင်သည့် ဗီယက်နမ်

Powered by Drupal

      ၂၀၂၄ခုနှစ်တွင် သားရေခြေအိတ်နှင့် လက်ကိုင်အိတ်ကဏ္ဍတင်ပို့မှုမှ ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၆-၂၇ ဘီလီယံရရှိနိုင်ပြီး အပေါင်းလက္ခဏာဆောင်သည့် အခြေခံဂုဏ်များရရှိနေကြောင်း ဗီယက်နမ်နိုင်ငံသားရေ၊ ခြေအိတ်နှင့်လက်ကိုင်အိတ်အသင်း(LEFASO)၏ အဆိုအရသိရပါသည်။ ယခုနှစ်၏ ပထမ (၆) လတာကာလတွင် အမေရိကန်ဒေါ်လာ ၆.၅ဘီလီယံကျော်တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၅.၇ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ LEFASO ၏ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး Phan  Thi Thanh Xuan က ဗီယက်နမ်သည် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယားနှင့်တရုတ် စသည့် အဓိကဈေးကွက်ကြီး(၅)ခုကိုအာရုံစိုက်ထားကြောင်းနှင့် ရိုးရာဈေးကွက်များတွင် ၎င်းတို့၏ရှယ်ယာများကို ထိန်းသိမ်းထားနိုင်ခြင်းနှင့်အတူ ဗီယက်နမ်၏ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ(FTAS) ကြောင့် အခြားနိုင်ငံများသို့ပါ ဈေးကွက်ထပ်မံတိုးချဲ့ရန် လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

         ကျွမ်းကျင်ပညာရှင်များကလည်း ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုပမာဏ၏ ၆၀ရာခိုင်နှုန်းကိုလွှမ်းခြုံထားသည့် FTAS ၏ ကျယ်ပြန့်သောကွန်ရက်၊ နိုင်ငံ့ GDP ၏ ၈ရာခိုင်နှုန်းရှိသည့် စက်ရုံ ၁၀၀၀ကျော်နှင့် လုပ်သား ၁.၅သန်းရှိသည့် ကြီးမားသည့်သားရေနှင့်ခြေအိတ်ကဏ္ဍတို့ကျေးဇူးကြောင့် ဗီယက်နမ်သည် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အကျိုးကျေးဇူးများရရှိနေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါကဏ္ဍသည် ပေါများပြီး လုပ်ခသက်သာသည့် လုပ်သားထုတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်စွမ်းဆက်လက်တည်ရှိနေသေးကြောင်းသိရပါ သည်။ သို့သော် Xuan က အစိမ်းရောင်နှင့် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုစံနှုန်းတင်းကြပ်မှုမြင့်တက်လာမှုကြောင့် အနာဂတ်တွင် အခက်အခဲရင်ဆိုင်နိုင်လာရကြောင်းနှင့် တင်ပို့သူများ အနေဖြင့် အလိုက်သင့်ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာနှင့်ဘဏ္ဍာရေးတို့တွင် ကောင်းမွန်စွာပြင်ဆင်မှုပြုလုပ်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် Xuan က တင်ပို့မှုမြှင့်တင်နိုင်ရန်အတွက် သားရေနှင့်ခြေအိတ်လုပ်ငန်းများအနေဖြင့် EU-Vietnam FTA နှင့် The Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) တို့ကဲ့သို့သော FTAS များကို အပြည့်အဝအသုံးချရန်လိုအပ်ကြောင်းအကြံပြုခဲ့ပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)