Main menu

ပွင့်ဖြူမြို့မဈေး၌ ပလတ်စတစ်လျှော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့မဈေး၌ (၂၂.၇.၂၀၂၄)ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲနိုင်ရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဆောင်ရွက်ရာတွင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ ကြာဖက်နှင့် သတင်းစာစက္ကူ များ အစားထိုးသုံးစွဲခြင်းဖြင့် တနင်္လာနေ့အား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချပေးရေးနေ့အဖြစ် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ပေးကြပါရန် နှင့်အသိပညာပေး လက်ကမ်းစာ ဆောင်များ ဖြန့်ဝေပေးခဲ့ကြပါသည်။

   ထိုနောက် စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်းမှ ပွင့်ဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲဦးစီးဌာနမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ပါဝင်ခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)