Main menu

ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ဆေးဝါးဈေးနှုန်းစာရင်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံစားကုန်များဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့်ပတ်သက်၍ ၁၉-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဦးအောင်တင်စိုး၊ ခရိုင်ဉီးစီးမှူးနှင့်ဝန်ထမ်းများသည် မြောက်ပိုင်းခရိုင်အတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမှတ်(၈၂)၊ ဘုရင့်နောင်လမ်း၊ ပေါက်တောဝရှိ ရွှေအိုးဆေးဆိုင်၊ အမှတ်(၁၆၂)၊ ထောင်ဗူးဝမှတ်တိုင်၊ လှိုင်မြစ်လမ်းရှိ ကိုထွန်း(၃)ဆေးဆိုင်၊ အမှတ်(၂၀-က)၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်ပန်းခြံအနီးရှိ တော်ဝင်ဆေးဆိုင်နှင့် အမှတ်(၂၀၄)၊ မာလာနွယ်(၁)လမ်းရှိ မိုးသောက်ပန်းဆေးဆိုင်တို့အား ဆေးပစ္စည်းနှင့်ပတ်သက်၍ ဆေးဝါးများကိုကြည့်ရှုစစ်ဆေးခြင်း၊ ဆေးဝါးဈေးနှုန်းများကိုမေးမြန်းစစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်း ဈေးနှုန်းဖြစ်ပေါ်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)