Main menu

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

Powered by Drupal

        အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးမှုများကို နေ့စဉ်ဆောင်ရွက်လျက်ရာ (၁၇-၇-၂၀၂၄) ရက်နေ့တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ဘိုလိန်းအောင်မင်္ဂလါရပ်ကွက်၊ နှင်းဆီလမ်း၊ တိုက်အမှတ်-C/001၊ ရွှေမြေသီးဆန်ဆိုင်နှင့် စံပယ်လမ်း၊ တိုက်အမှတ်-၁/၁၄၀(B)၊ ပန်းတိုင်သစ်ဆန်ဆိုင်(၂)ဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုနှင့်ပတ်သက်သော အသိပညာပေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များ၌  ရက် (၉၀)၊ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်းများရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)