![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၀၀_4.jpg?itok=bRNN5V7S)
တောင်ငူခရိုင်၊ ဖြူးမြို့နယ်သည် စစ်တောင်းမြစ်ဝှမ်းပေါ်တွင်ရှိသဖြင့် မိုးစပါး အထူးအောင်မြင်ဖြစ်ထွန်းသည့် မြို့နယ်ဖြစ်ပါသည်။ ယခင်၂၀၂၃ခုနှစ်တွင် မိုးစပါးအထွက်နှုန်း ၉၁.၀၈တင်း ရှိခဲ့ပါသည်။ ယခု၂၀၂၄ခုနှစ်တွင် ၁၅၁၀၅၃ဧကစိုက်ပျိုးရန် လျာထားလျက်ရှိရာ ယခုဇူလိုင်လအထိ ရာသီဥတုကောင်းမွန်ပြီး ရေကြီးရေလျှံမှုမရှိသေးသဖြင့် လျာထားချက်အတိုင်း စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။
စိုက်ပျိုးသောစပါးမျိုးများမှာ ဆင်းသုခ၊ ဗျော့သုခ၊ မနောသုခ၊ နှံကောက်နှင့် ထိုင်းရက် ၉၀ စပါးမျိုးများအများဆုံးဖြစ်ပါသည်။ မြေပြုပြင်ချိန်မှ စိုက်ပျိုးချိန်အထိ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုးနှင့်သွင်းအားစုတန်ဖိုး ၃၇၀၀၀၀ကျပ်၊ လုပ်သားခ ၃၅၀၀၀၀ကျပ်၊ စုစုပေါင်း ၈၂၀၀၀၀ခန့်ရှိကြောင်းသိရပါသည်။
ဖြူးမြို့နယ်တွင် လူဦးရေ ၂၆၆၀၀၀ခန့်ရှိရာ ယခင်၂၀၂၃ခုနှစ်အထွက်နှုန်းအတိုင်းထွက်ရှိပါက စပါးတင်း ၈၅သိန်းခန့်ပိုလျှံမည်ဖြစ်ပါသည်။ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးကို ဆောင်ရွက်လျက်ရှိရာ ပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းထွက်ရှိပါက စပါးတင်း ကျပ်သိန်း၁၀၀ခန့်ပိုလျှံမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)