Main menu

ပခုက္ကူမြို့တွင် ဖြစ်ပေါ်နေသော ကုလားပဲ ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသော ကုလားပဲများမှာ ကုလားပဲ ဝါလုံးကြီး(929)၊ ကုလားပဲဝါ(HL)နှင့် ကုလားပဲဖြူလုံးကြီး (V2/V6) တို့ဖြစ်ပြီး  အဓိကစိုက်ပျိုးသောနေရာ ဒေသများမှာ ပခုက္ကူကျွန်းနယ်များဖြစ်သော ပခုက္ကူကျွန်း၊ လေးလံကျွန်း၊ မြင်းကျွန်း၊ သင်္ဘောကုန်ကျေးရွာ၊ကုက္ကိုလ်လှကျေးရွာ၊ ကျွန်းဦး၊ ကျွန်းညိုရွာများ ကုလားပဲများကို အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့သည် မြို့၏ စီးပွားရေးအချက်အချာကြသောမြို့ကြီးတစ်မြို့လည်း ဖြစ်ပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူမြို့သာမက အခြားမြို့များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှ သိရှိပါသည်။

    ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကုလားပဲဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး (V2) တစ်တင်းလျှင် ကျပ်(၇၉၅၀၀)၊ ကုလားပဲဖြူ (V6 )တစ်တင်းလျှင် ကျပ် (၈၂၀၀၀)၊ ကုလားပဲဝါ (929) တစ်တင်းလျှင် ကျပ် (၈၀၀၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင်ကျပ် (၇၀၀၀၀)တို့ဖြစ်ပြီး နေ့စဉ်ကုန်စည်ဒိုင်တွင်သာမက ပွဲရုံများတွင်လည်း အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စည်ဒိုင်မှသိရှိရပြီး တစ်နေ့လျှင် အိတ်ရေ (၅၀ မှ ၁၀၀)ထိဖြစ်ပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်သို့တင်ပို့နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)